နေပြည်တော် ၃ စက်တင်ဘာ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfP-Myanmar)မှ ဥက္ကဋ္ဌ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းမေတ္တာအဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးပွဲနှင့် မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် World Tolerance Day အခမ်းအနားတို့နှင့် စပ်လျဉ်း၍ ဆွေးနွေကြသည်။
သတင်းစဉ်


