မိတ္ထီလာ ၃ စက်တင်ဘာ
မိတ္ထီလာမြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ နာရီစင် ပြန်လည်ပြုပြင်ခြင်းနှင့် မီးအလှဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် နာရီစင်အား ဆေးသုတ်ခြင်းလုပ်ငန်းနှင့် မီးအလှဆင်ခြင်း လုပ်ငန်းများကို သြဂုတ် ၁၃ ရက်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဈေးအနောက်ဘက် နာရီစင်မှ သံလမ်းကူးအထိ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် ဟောင်းနွမ်းနေသော သံဇကာများအစား စတီးလက်ရန်းတန်းများကို တပ်ဆင်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


