ဘုတလင် ၃ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာ(၂)ရွာတွင် မိုဘိုင်းဖုန်း သုံးစွဲမှု စစ်တမ်းများကို ယနေ့ စတင်၍ မြို့နယ ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်တမ်းကောက်ယူရာတွင် မြဝတီရပ်ကွက်၊ ခုံမင်းကြီးရပ်ကွက်နှင့် မောင်းထောင်ကျေးရွာ၊ ဆုံကုန်းကျေးရွာတို့တွင် လူနေအိမ် (၁၀)အိမ်အား ကျပန်းစနစ်ဖြင့် ရွေးချယ်ပြီး အိမ်ထောင်စုဝင်များ သုံးစွဲသည့် Sim Card၊ e-Load အပါအဝင် ငွေဖြည့်ကတ်ဝယ်ယူမှု၊ အင်တာနက် အသုံးပြုမှု၊ အခြားတန်ဖိုးမြှင့် ထပ်ဆောင်းဝန်ဆောင်မှု(VAS) အသုံးပြုမှု၊ အင်တာနက်နှင့် VAS အပါအဝင် တစ်လလျှင် ပျမ်းမျှသုံးစွဲငွေ စသည့် မိုဘိုင်းဖုန်းသုံးစွဲမှု စစ်တမ်းများကို ကွင်းဆင်းကောက်ယူခဲ့ကြသည်။
ဘုတလင်မြို့ပေါ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် (၅)ဆိုင်တွင်လည်း စစ်တမ်းများ ကောက်ယူမည်ဖြစ်ပြီး မိုဘိုင်းဖုန်း စစ်တမ်းကောက်ယူခြင်းကို စက်တင်ဘာ ၅ ရက်အထိ (၃)ရက်ကြာ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းဖုန်းသုံးစွဲမှု စစ်တမ်းကောက်ယူခြင်းကို ဇွန်လအတွင်း၌ ပထမအကြိမ် ကောက်ယူခဲ့ကြောင်း မြို့နယ် စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ သိရသည်။
ယဉ်မင်းအောင်(ပြန်/ဆက်)


