ထန်းတပင် ၃ စက်တင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက အမှာစကား ပြောကြားပြီး ရန်ကုန်မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်း ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီသီထွန်းက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ်များ၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာများ၊ သက်ကြီးရွယ်အိုဥပဒေနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်မှုများကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို သက်ကြီးရွယ်အိုတွေနှင့် ပတ်သက်သည့် အခွင့်အရေးများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို သိရှိစေဖို့၊ လက်တလော ထောက်ပံ့ပေးလျက်ရှိသည့် လူမှုရေးပင်စင်နှင့် ပတ်သက်၍ မရှင်းလင်းသည့် အချက်များရှိပါက လူမှုဝန်ထမ်းဦးစီးဌာနနှင့် ချိတ်ဆက်မေးမြန်း ဆောင်ရွက်နိုင်ရန်ပြီး လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကိုလည်း အချိန်မီ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


