ကျောက်ဆည် ၃ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးဧက လျာထားချိန်တွင် စပါးစိုက်ပျိုးရေအတွက် အဓိက ရေပေးဝေသည့် မြို့ကြီးဆည်နှင့် ဇီးတောဆည်များတွင် မိုးရေဝင်ရောက်မှု နည်းပါးသဖြင့် ရေပေးဝေနိုင်မှု အတိုင်းအတာအရ စပါးစိုက် (၁၅၉၂၈၆) ဧကသာ လျာထားစိုက်နိုင်မည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။
ယခင်နှစ်က ဆည်များအတွင်း ရေသိုလှောင်မှုများသဖြင့် ကျောက်ဆည်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၅၄၅၁၁)ဧက၊ စဥ့်ကိုင်မြို့နယ်တွင် (၂၈၉၈၇)ဧက၊ မြစ်သားမြို့နယ်တွင် (၆၃၂၁၀)ဧကနှင့် တံတားဦးမြို့နယ်တွင် (၁၃၈၆၅)ဧက စုစုပေါင်း (၁၆၀၅၃၇)ဧက စိုက်ပျိုးနိုင်ခဲ့သောကြောင့် ယခုနှစ်နှင့် နှိုင်းယှဉ်ပါက စိုက်ဧကပေါင်း (၁၂၈၄)ဧက လျော့နည်းခဲ့သည်။
ယခုအခါ မိုးရွာသွန်းမှုများပြားပြီး ရာသီဉတု အခြေအနေပေါ် မူတည်၍ အချို့ စပါးစိုက်တောင်သူများမှာ လျာထားစိုက်ဧကတွင် မပါရှိကြသော်လည်း မိမိတို့ဆန္ဒအရ ရေမြေဒေသနှင့် ကိုက်ညီသည့် မျိုးစပါးများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူအချို့၏ ပြောကြားချက်အရ သိရသည်။
သက်မောင် (ပြန်/ဆက်)


