နေပြည်တော် ၃ စက်တင်ဘာ 

 

နေပြည်တော်၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း၏ ဇနီး မစ္စစ်ကင်မ်ဂျောင်းဆုသည် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြတိုက်(နေပြည်တော်)သို့ သွားရောက်ကြည့်ရှုလေ့လာသည်။

 

ကိုရီးယားသမ္မတနိုင်ငံ သမ္မတ၏ ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၏ဇနီး ဒေါ်ခိုင်နွယ်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၏ဇနီး ဒေါ်လွင်လွင်မှန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့်  တာဝန်ရှိသူများက အမျိုးသားပြတိုက်(နေပြည်တော်)၌ ကြိုဆိုနှုတ်ဆက်ကြပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို လိုက်လံရှင်းလင်းပြသကြသည်။

 

သတင်းစဉ်