နေပြည်တော် ၃ စက်တင်ဘာ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို တို့၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီး မစ္စစ် ကင်မ်ဂျောင်းဆု တို့သည် တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိကြသည်။

 

1..


ကိုရီးယားသမ္မတနိုင်ငံ သမ္မတ နှင့် ဇနီး တို့အား သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang- Hwa တို့က အထူးလေယာဉ်ပေါ်၌ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။

 

2...


ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ နှင့် ဇနီးတို့ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်ဇနီး ဒေါ်ခိုင်နွယ်ဦး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့်ဇနီး ဒေါ်လွင်လွင်မှန်၊  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့်ဇနီး ဒေါ်ခင်စောမူ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး၏ဇနီး၊ နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ကြိုဆိုနှုတ်ဆက်ကြသည်။

သတင်းစဉ်