နတ်တလင်း ၄ စက်တင်ဘာ


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အနောက်ခြမ်း ကျေးရွာများတွင် ယနေ့နံနက် ၉ နာရီ၌ ချောင်းခွအုပ်စုကွက်ကြီးကျေးရွာ၊ လူနေအိမ်ခြေ ၁၂၀၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်း၊ သာယာကုန်းအုပ်စု၊ ကျခတ်အိုင်ရွာလူနေအိမ်(၇၂)လုံး၊ မူလတန်းကျောင်း၊ သာယာကုန်းရွာလူနေအိမ်ခြေ ၁၈၀၊ မူလတန်းကျောင်း၊ ကျီးပင်ဆင်ဂေါင်းရွာ လူနေအိမ်(၁၇၉)လုံးတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့များ မိုးသည်းထန်စွာ ရွာသွန်းခြင်း ဂူကြီးချောင်းရေကြီး ရေလျှံမှုတို့ကြောင့် နေအိမ်များ စာသင်ကျောင်းများအတွင်း ရေများဝင်ရောက်သဖြင့် စာသင်ကျောင်းများပိတ်ထားရကြောင်း။ 

 

1

 


အဆိုပါ ရေကြီးရေလျှံမှုဖြစ်နေခြင်းအား တာပွန်မြို့အုပ်ချုပ်ရေးမှူး ဦးစိုးရွှေ၊ နယ်မြေရဲစခန်းမှုး ရဲအုပ်အောင်ဇော်မိုး၊ နယ်မြေမီးသတ်စခန်းမှတပ်ကြပ်ကြီးအောင်ကိုလွင်၊ တပ်ကြပ်ကြီးဝေယံထွဋ်၊ တာပွန်ပရဟိတအသင်းဥက္ကဋ္ဌဦးအောင်မြင့်ဦးနှင့် အသင်းသားများ ရဲတပ်ဖွဲ့မီးသတ်တပ်ဖွဲ့တို့ သွားရောက်၍ သာယာကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇေယျာမင်းနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်းနှင့် NGO အဖွဲ့အစည်းများ စေတနာရှင်များက ရေဘေးသင့်ပြည်သူများအား ထမင်းထုပ်များ ဖြန့်ဝေလှူဒါန်းပေးကြကြောင်း သိရသည်။


တင်မြင့် (နတ်တလင်း)