ရှမ်းရွာသစ် ၄ စက်တင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြုလုပ်သည့် စက်တင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်မည့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ်အဖြစ် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဒုတိယဉီးစီးမှူးဒေါ်အေးအေးနွဲ့က ကျောင်းသား/သူများ နေ့ထူးနေ့မြတ်အကြောင်း သိရှိစေရန်နှင့် ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပန်းချီဆွဲပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာမူလတန်းကျောင်းမှ စတုတ္ထတန်း ကျောင်းသား/သူ ၁၆ ဉီးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို ဒုတိယ ဉီးစီးမှူးက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)


