၄ စက်တင်ဘာ

ဂျာမဏီနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ် တွင် ပန်ဒါဝက်ဝံအမြွှာ မွေးဖွားသည့် အထိမ်းအမှတ်ပွဲကျင်းပနေကြောင်း သိရသည်။

အဆိုပါ နိုင်ငံတွင် ပန်ဒါဝက်ဝံ မှာ ရှားပါးတိရစ္ဆာန်များအနက်တစ်ခုဖြစ်ပြီး ပထမဆုံးအကြိမ် မွေးဖွားခဲ့ခြင်းဖြစ်သည်။

ခြောက်နှစ်သားအရွယ်ရှိ ပန်ဒါဝက်ဝံ အမ မန်းမန်း မှ ထိုအမြွှာပန်ဒါဝက်ဝံ ကို စနေနေ့က မွေးဖွားခဲ့ခြင်းဖြစ်သည် ဟု ဘာလင်တိရစ္ဆာန်ဥယျာဉ်က ဆိုသည်။

ထိုပန်ဒါဝက်ဝံအမြွှာအလေးချိန်မှာ ၁၈၆ ဂရမ် နှင့် ၁၃၆ ဂရမ် တို့ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

၎င်းအမြွှာကို ယခုထိ အထီးအမ မခွဲခြားရသေးကြောင်း ဖော်ပြထားသည်။ပန်ဒါမိခင်က ၎င်းဝက်ဝံအမွှာကို ကောင်းစွာဂရုစိုက်ကြောင်း ၎င်းတို့က ဆိုသည်။ တရုတ်နိုင်ငံ နှင့်၂၀၁၇ ခုနှစ် ငှားရမ်းသဘောတူညီချက်အရ ပန်ဒါဝက်ဝံ မန်းမန်း နှင့် သူ၏ ကြင်ဖော် ဂျေအို ကင်း တို့သည် ဂျာမဏီ နိုင်ငံသို့ ရောက်ရှိခဲ့ကြသည်။

ထိုသဘောတူညီချက်အရ ပန်ဒါအမြွှာ နို့ဖြတ်ပြီးသောအခါ  တရုတ်နိုင်ငံသို့ ပြန်ရောက်မည် ဖြစ်သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို