နေပြည်တော် ၄ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် Japan Heart တို့ ပူးပေါင်းပြီး မျက်မမြင်ဆေးပညာ အကြောပြင် သင်ရိုးညွှန်းတမ်းရှင်းလင်းခြင်းနှင့် အကြံပြု ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇဗ္ဗူသီရိဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသူများက စံသင်ရိုးညွှန်းတမ်းအပေါ် အကြံပြု ဆွေးနွေးမှုများ၊ မျက်မမြင် အနှိပ်ပညာရှင် နည်းပြများမှ ဘာသာရပ်အလိုက် ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ကြ၍ မြန်မာတိုင်းရင်းဆေး ပညာအသင်းဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
သတင်းစဉ်


