ပခုက္ကူ ၄ စက်တင်ဘာ
အခြေခံ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ဝင်းက ပခုက္ကူခရိုင်အတွင်း မြို့နယ်များ၌ အခြေခံ မဲစာရင်းများ ကွန်ပျူတာဖြင့် ထည့်သွင်းပြုစုနေမှုနှင့် စာရင်းများမှန်ကန်ရေး ကော်မရှင်အဖွဲ့ခွဲဝင်များ မြို့နယ်အလိုက် ကြီးကြပ်ဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် ခရိုင်ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များက မြို့နယ်အလိုက် ဆောင်ရွက်နေမှုနှင့် မဲစာရင်းမှန်ကန်ရေး ဆွေးနွေးကြကြောင်း သိရသည်။
ကိုဇော်(ဓာတု)


