နေပြည်တော် ၄  စက်တင်ဘာ

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဆွီဒင်နိုင်ငံ Folke Bernadotte Academy (FBA)မှ Project Manager Mr. Par Skold နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဆောင်ရွက်နေသည့် “တရားဥပဒေ စိုးမိုးရေးဆီသို့” မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၉)နှင့် “ပြည်သူ့အတွက် တရားမျှတမှု” မဟာဗျူဟာစီမံကိန်း(၂၀၁၉-၂၀၂၃) ပါလုပ်ငန်းများ အကောင်အထည်ဖော်မှု၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်နေမှု၊ Folke Bernadotte Academy(FBA) အဖွဲ့မှ တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်းသည့် အသိပညာ ပြန့်ပွားရေးအတွက် သင်တန်းများပေးမည့် အစီအစဉ်၊ မြန်မာနိုင်ငံတွင် FBA အဖွဲ့မှ ဆောင်ရွက်နေသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပူးပေါင်း ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များက ိုဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်