နေပြည်တော် ၄ စက်တင်ဘာ  


ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး မစ္စ အင်ဒရီရာ ဖော့ခ်နာ ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် သင်တန်းဆိုင်ရာများ၊ ရခိုင်ဒေသအရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 


သတင်းစဉ်