နေပြည်တော် ၄ စက်တင်ဘာ
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စ၊ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
သတင်းစဉ်


