နေပြည်တော် ၄ စက်တင်ဘာ 

၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း မိုးသည်းထန်မှုကြောင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေကြီး၊ ရေလျှံမှု၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ရေဘေးဒဏ်ခံရသည့် ပြည်သူများအတွက် ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အသုံးပြုရန်  Natural Disaster Emergency Relief Committee - UK မှ ဒေါက်တာတင့်လွင် ဦးဆောင်၍  ဗြိတိန်နိုင်ငံရှိ ဘုန်တော်ကြီးကျောင်းများ၊ မြန်မာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသားများက လှူဒါန်းငွေစုစုပေါင်း စတာလင်ပေါင် ၁၂,၁၅၀ အား စက်တင်ဘာ ၂ ရက်တွင် လန်ဒန်မြို့ရှိ မြန်မာသံရုံးသို့ လာရောက်လှူဒါန်းခဲ့ရာ သံအမတ်ကြီး ဦးကျော်စွာမင်းက အလှူငွေများအား လက်ခံသည်။

မြန်မာသံရုံးအနေဖြင့် လက်ခံရရှိသည့် အလှူငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနသို့ လွှဲပြောင်းပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်