ကျောက်မဲ   ၅    စက်တင်ဘာ  


ကျောက်မဲမြို့နယ်၊ စည်ပင်သာယာရေးဌာနမှ အမှတ်(၈)ရပ်ကွက်၊ ကျောက်မဲကြီးကျေးရွာသွားလမ်း မြေသားလမ်းအား ကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို ကျောက်မဲမြို့နယ်၊ စည်ပင်သာယာရေးဌာနမှ သြဂုတ်လ(၂၅)ရက်နေ့တွင် စတင်၍ လုပ်ငန်းခွင် အင်ဂျင်နီယာ ဒေါ်ဝေဝေသိန်း၊ ကြီးကြပ်အင်ဂျင်နီယာ ဦးဆန်းဝင်းတို့က ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၄)ရက်နေ့တွင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦးက လမ်းအရည်အသွေး ကောင်းမွန်စေရေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

1

 


ကျောက်မဲမြို့၊ ကျောက်မဲကြီးကျေးရွာနေ ပြည်သူများ နေ့စဉ်သွားလာ အသုံးပြုနေသည့် လမ်းမှာ ယခင်က မြေသားလမ်းဖြစ်ပြီး မိုးတွင်းကာလများတွင် လမ်းပေါ်၌ ရေကျော်၍ ရွံ့ဗွက်များ ဖြစ်ပေါ်နေကာ ရဟန်းသံဃာတော်များ၊ ကျေးရွာနေပြည်သူများ၊ ကျောင်းသား/သူများ သွားလာရာတွင် အဆင်မပြေမှုများနှင့် ယာဉ်အန္တရာယ် စိုးရိမ်နေရပြီး ယခုနှစ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် ဌာနခွင့်ပြုရန်ပုံငွေကျပ်(၁၃၅ ဒသမ ၃)သိန်းဖြင့် ကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အဆိုပါမြေသားလမ်းအား လမ်းအရှည်(၉၅၀)ပေ၊ အကျယ်(၁၂)ပေရှိ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။ 


MDN