ပန်းတောင်း  ၅  စက်တင်ဘာ 


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်၌ စွန့်လွတ်မြေများ  တောင်သူများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


အခမ်းအနားတွင်   ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေတို့က တောင်သူဦးသိန်းထွန်းပါ (၉) ဦးတို့အား လယ်ယာမြေလုပ်ပိုင်ခွင့် ယာယီလက်မှတ်ပုံစံ (၃)တို့အား  အသီးသီးပေးခဲ့ကြောင်းနှင့် ဦးသိန်းထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။ 


အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီ အစိုးရအဖွဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တိုင်း/ခရိုင် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လယ်ယာမြေ ပြန်လည်ရရှိသော တောင်သူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သင်းသင်းအေး (ပြန်/ဆက်)