တာချီလိတ်   ၅   စက်တင်ဘာ  


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့်  မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အကြိုအဖြစ် တာချီလိတ်ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့က  အသိပညာပေး  ဆိုင်းဘုတ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက  ဆေခမ်းရပ်ကွက်၊  တာချီလိတ်-ကျိုင်းတုံသွား လမ်းဆုံ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲ၌  ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ခရိုင်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ ဉက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ အဖွဲ့ ဒုတိယဉက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယ ရဲမှူးကြီး ပေါ်ထွန်း၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောတို့က  အသိညာပေးဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


ယင်းနောက်  ခရိုင်နှင့်မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့များ၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေး၊ ဌာနဆိုင်ရာ များနှင့်လူမှုရေးအသင်းအဖွဲ့များက  တာချီလိတ်-ကျိုင်းတုံသွားလမ်းဆုံနှင့် ပါဆတ်ကားလေးကွင်းရှိ  တာချီလိတ် - တောင်ကြီးပြေးဆွဲနေသည့် အမြန်ယာဉ်ငယ်များအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး စတေကာ ၅၀ဝ ကျော်တို့ကို ကပ်ပေးခြင်းနှင့်အတူ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
                                    

ဖြိုးလေး(တာချီလိတ်)