နေပြည်တော် ၅ စက်တင်ဘာ
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စစ် ဆူဖတ်ထရာ ဆရီမိုင်းသရီဖိတပ် အား ယနေ့နံနက် ၁၀ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ မိုင်းရှင်းလင်းရေးဆိုင်ရာကိစ္စနှင့် နှစ်နိုင်ငံထိစပ်လျက်ရှိသည့် နယ်စပ်ဒေသတစ်လျှောက် ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


