မန္တလေး ၅ စက်တင်ဘာ
စောင်းဆရာကြီး အင်းလေးမြင့်မောင် ကွယ်လွန်ခြင်း(၁၈)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို နန်းဦးဓမ္မပါလ ကျောင်းတိုက်တွင် ယနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တေးသံရှင် ဖိုးသောကြာက ထူးမခြားနား ပတ်ပျိုးဖြင့် သီဆိုဖျော်ဖြေ ဧည့်ခံခဲ့ပြီး တေးသံရှင် နှင်းရည်သန့်၊ တက္ကသိုလ်လဲ့လဲ့၊ ဂီတပညာရှင် ဒေါ်ရီရီသန့်၊ ထား၊ ပန်းအိဖြူတို့က သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အိမို့မို့ခိုင်


