မိုးညှင်း ၅  စက်တင်ဘာ 


ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မြို့တွင်းလမ်း အရှည်ပေ ၆၀ဝ၀ ကျော်ကို AC ကတ္တရာ ခင်းကျင်းဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ၅ရက်နေ့က လမ်းနယ်မြေနှင့်မလွတ်ကင်းသော သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းလျက်ရှိသည် ။


မိုးညှင်းမြို့၏ အရှေ့နှင့်အနောက်လမ်းအရှည် ပေ ၆၀ဝ၀ ကျော် အကျယ် ၂၄ ပေရှိသော မင်းရဲကျော်စွာ လမ်း AC ကတ္တရာခင်းခြင်းလုပ်ငန်းကို  ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် "Asia Boom ဆောက်လုပ်ရေးကုမ္ပဏီ" မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။


အဆိုပါ မိုးညှင်းမြို့တွင်း အကျယ် ၂၄ ပေ အရှည်ပေ ၆၀ဝ၀ ကျော်ရှိသော AC ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက်  မြို့တွင်းလမ်းပိုင်းနေရာများ၌ လမ်းဧရိယာနှင့် မလွတ်ကင်းသော ဆိုင်းခန်းနေရာများ ရွှေ့ပြောင်းခြင်း လမ်းဘေးလျှပ်စစ်တိုင်များ ဖုန်းတိုင်များနှင့် အရိပ်ရသစ်ပင်များကို စနစ်တကျခုတ်ထွင်ရှင်းလင်းခြင်းစသည့် အရည်အသွေးပြည့်မီသော ခရိုင်မြို့ အင်္ဂါရပ်နှင့်ကိုက်ညီသည့်  ACကတ္တရာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မိုးညှင်းမြို့ပေါ်မင်းရဲကျော်စွာလမ်းမပေါ်ရှိ အမှတ်(၁) မြို့မဈေးကြီးအရှေ့လမ်းတွင် လမ်းဘေးဝဲယာ၌စိုက် ပျိုးထားရှိသည့် ပိတောက်ပင် ဗန်ဒါပင် မယ်ဇလီပင် စသည့် အရိပ်ရသစ်ပင်များကိုခုတ်ထွင်ရှင်းလင်းလျက်ရှိကြောင်းသိရသည် ။

နီတိုး