လက်ပံတန်း ၅  စက်တင်ဘာ 


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အကြိုအသိပညာပေး  ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် မြို့နယ်ပညာရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်/ဆက် ဦးစီးမှုး ဒေါ်ဝင့်နန္ဒာဌေးက အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ  ဒေါ်နန်းဝေဝေခိုင်ထွန်းက မြန်မာနိုင်ငံ စာတတ်မြောက်ရေးသမိုင်းကြောင်း၊ Book Club အဖွဲ့ဝင် ဦးစောမြင့်က မြန်မာနိုင်ငံ စာတတ်မြောက်ရေးဆောင်ရွက်ချက်များ၊ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်ခြင်း အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။


ဟောပြောပွဲ သို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ Woman Club အဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဝင့်နန္ဒာဌေး