ထီးလင်း ၅ စက်တင်ဘာ
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်ရှိ အခြေခံပညာ (ထက်/လယ်/ထ-ခွဲ/လယ်-ခွဲ) စာသင်ကျောင်းများ အတွက် Lesswalk ကုမ္ပဏီမှလှူဒါန်းသော စက်ဘီးများ ယနေ့တွင် အ.ထ.က-ထီးလင်း ကျောင်းသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ဘီးများကို မြို့နယ်အတွင်းရှိ အခြေခံပညာ(ထက်/လယ်/ထ-ခွဲ/လယ်-ခွဲ) ကျောင်းများ၌ ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူများထဲမှ စာသင်ကျောင်းနှင့် အလှမ်းဝေးကွာပြီး ဆင်းရဲနွမ်းပါးသည့် ကျောင်းသား ကျောင်းသူများကို ဦးစားပေး ခွဲဝေပေးသွားမည်ဖြစ်ကြောင်း၊ ယခုလှူဒါန်းသော စက်ဘီးများမှာ (၁၉၁) စီးရှိကြောင်း သိရသည်။
အဆိုပါ စက်ဘီးများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၈ ရက်တွင် အ.ထ.က-ထီးလင်း (အောင်သပြေ) ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ယင်းစက်ဘီးများကို ယောလူငယ်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးမြင့်ထွန်းက ဦးစီး၍ အကျိုးဆောင်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


