နေပြည်တော် ၅ စက်တင်ဘာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး သည် Tata International Singapore Pte Ltd. မှ Mr. Sanjay Jain နှင့် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ အချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေး၊ မြန်မာနိုင်ငံအတွင်း တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပို့ကုန်တိုးမြှင့်တင်ပို့သွားနိုင်ရေး၊ ထုတ်လုပ်မှုတန်ဖိုး ကွင်းဆက်တွင် မြန်မာ့လယ်ယာထွက်ကုန်များ ပိုမိုပါဝင်နိုင်ရေးနှင့် မြန်မာကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးကြသည်။
သတင်းစဉ်


