နေပြည်တော် ၅ စက်တင်ဘာ
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဖြစ်မြောက်ရေး ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-13) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ပညာရေးဝန်ထမ်းများ၏ ကြုံတွေ့နေရသော အခက်အခဲများ၊ ဝန်ထမ်းခန့်အပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် ပူပေါင်းဆောင်ရွက်မည့်အစီအစဉ် တင်ပြဆွေးနွေးမှုများအပေါ် ကော်မတီဥက္ကဋ္ဌမှ ပြန်လည်သုံးသပ် အကြံပြုဆွေးနွေးခဲ့သည်။
သတင်းစဉ်


