နေပြည်တော် ၅ စက်တင်ဘာ 

 

မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့် ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ လှူဒါန်းရာ၌  Industrial Bank of Korea (IBK) က အမေရိကန်ဒေါ်လာ ၃ သောင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်လှူဒါန်းရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံ၍ ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

သတင်းစဉ်