နေပြည်တော် ၅ စက်တင်ဘာ
တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8) လေယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းတွင် လေ့ကျင့်ပျံသန်းမောင်းနှင်မှုများ ပြုလုပ်ရန်အတွက် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ စတင်ထွက်ခွာစဉ် လေယာဉ်ပြေးလမ်း၌ ဘီးချော်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ လေယာဉ်မှူးဦးစီး၍ အဖွဲ့ဝင် ၆ ဦးပါ (Y-8) လေယာဉ်သည် ညောင်တုန်းမြို့ အနောက်ဘက်ခြမ်းသို့ လေ့ကျင့်ပျံသန်းမောင်းနှင်ရန်အတွက် နံနက် ၁၀ နာရီခွဲခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ပြေးလမ်းအမှတ် ၂၁ မှ စတင်ပျံသန်းစဉ် လေယာဉ်၏ နံပါတ်-၁ အင်ဂျင်ပန်ကာရှေ့ဆွဲအားလျော့ကျပြီး တစ်ဖက်သို့ဆွဲသွားကာ ပြေးလမ်း၏ ပေ ၂၃၀ဝ ခန့်တွင် ဘယ်ဘက်သို့ လေယာဉ်ဘီးချော်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် လူနှင့်လေယာဉ် ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ပြီးဆုံးအောင် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
သတင်းစဉ်


