ပန်းတနော် ၆ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စက်တင်ဘာ ၄ ရက်နေ့က ဧရာဝတီမြစ်ရေ တိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကျေးရွာသုံးရွာရှိ နေအိမ်(၃၂) လုံးဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
မြစ်ကမ်းပါးပြိုကျမှုကြောင့် ပန်းတနော်မြို့နယ် အတွင်းရှိ ကဿဝင်ကျေးရွာ၊ ဝေယံကျွန်းကျေးရွာ၊ ရွှေဖလားကျွန်ကျေးရွာ စုစုပေါင်း ကျေးရွာ(၃)ရွာတို့တွင် နေအိမ် (၃၂)လုံး အိမ်ထောင်စု (၃၂)စုမှ လူဦးရေ (၁၄၆)ဦး ဘေးလွှတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရေဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုဝင်များအား စက်တင်ဘာ ၅ ရက် ညနေ့ ၄ နာရီအချိန်က မအူပင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် (၃၂၀ဝဝဝဝ) ဆန်ရိက္ခာ(၇)ရက်စာ၊ ရန်ပုံငွေကျပ် (၃၀၆၆၀ဝ)၊ စုစုပေါင်း ရန်ပုံငွေကျပ် (၃၅၀၆၆၀ဝ) တို့အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ရေဘေးသင့် ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)


