နမ္မတူ ၆ စက်တင်ဘာ
ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပ ဆောင်ရွက်ချက်များနှင့် မြို့နယ်တွင်း ဌာနဆိုင်ရာများ၏ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို အများပြည်သူ သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ ယနေ့နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများနှင့် မြို့နယ်တွင်း ဌာနဆိုင်ရာများ၏ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား အသိပညာပေး ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်ကို ရုံးရှေ့လူစည်ကားသည့်နေရာတွင် စိုက်ထူထားရှိသောကြောင့် ပြည်သူများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ပြီး တစ်လလျှင် (၁)ကြိမ် လဲလှယ်ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


