အုတ်ဖို  ၆ စက်တင်ဘာ


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ မဲစာရင်းပြုစုခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အကြိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။


အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လင်းက အဖွင့်အမှာစကား ပြောကြားကာ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်းက မဲစာရင်းပြုစုခြင်း ဆောင်ရွက်ရာတွင် မှန်ကန်တိကျတဲ့ မဲစာရင်းတွေရရှိဖို့ အားလုံပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အစုလိုက်အပြုံလိုက်မကျန်ခဲ့စေဖို့သတိပြုရန်လိုကြောင်း ပြောကြားသည်။ 


ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းစန်းက လူဦးရေစာရင်းကောက်ယူရေးဆိုင်ရာများ ရှင်းလင်းပြောကြားပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမင်းထက်က မဲစာရင်းကောက်ယူခြင်းမှာ မိမိတို့မြို့နယ်အနေဖြင့် ၈၂ ရာခိုင်နှုန်း ပြီးမြောက်ခဲ့ပြီဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။


အောင်သူဆွေ