နေပြည်တော် ၆ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးခရိုင်ရှိ ရွာငံကော်ဖီ သုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံ၌ စိုက်ပျိုး ရေးဦးစီးဌာန ကော်ဖီနှင့် ရာသီသီးနှံဌာနခွဲက ဆောင်ရွက်လျက်ရှိသော ကော်ဖီ သုတေသနလုပ်ငန်းများနှင့် တောင်သူပညာပေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ကော်ဖီရာသီ သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာများ၊ ကော်ဖီတောင်သူများနှင့် တွေ့ဆုံ၍ ရွာငံဒေသထွက်ကော်ဖီသည် နာမည်ကောင်းရရှိပြီး ဖြစ်သည်အား လျော်စွာ ဆွတ်ခူးပြီး နောက်ပိုင်းလိုက်နာဆောင်ရွက်ရမည့် နည်းပညာနှင့်လုပ်ငန်းသုံး ကိရိယာများ အသုံးပြုနိုင်ရေး ပံ့ပိုးပေးခြင်းဖြင့် ဈေးကွက်ဝင်ဈေးကောင်းရရှိရေးကို သက်ဆိုင်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသမျိုးရင်း ကော်ဖီမျိုးများ ထိန်းသိမ်းရေး၊ ကော်ဖီမျိုးကောင်း မျိုးသန့်များ သုံးစွဲစိုက်ပျိုးနိုင်ရေး၊ တောင်သူများစုဖွဲ့ပြီး အသေးစားစက်မှု လုပ်ငန်းချေးငွေဖြင့် အဆင့်မြင့်စက်ကိရိယာများ အသုံးပြုနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သောနည်းပညာအကူအညီများကို ပံ့ပိုး ကူညီပေးခြင်းများကို သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် တောင်သူများ စုစည်း ညီညွတ်စွာ ကြိုးပမ်းကြခြင်းဖြင့် ဈေးကွက်တွင် ရွာငံကော်ဖီ ထိုးဖောက် ဝင်ရောက်ရေး ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်-လန်ချန်းအထူးရန် ပုံငွေဖြင့် ကော်ဖီသီးမှည့် အခွံချွတ်စက်ကို ရွာငံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအစု အဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ ကော်ဖီတောင်သူများ ကိုယ်စားကိုယ်စားလှယ် တစ်ဦးက လက်ခံရယူသည်။
ပင်လယ်ရေ မျက်နှာပြင်အထက် ၄၀၈၂ပေ ရှိသောရွာငံမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၂၀ကျော်ရှိ၍ ကော်ဖီစိုက်သည့်ကျေးရွာပေါင်း ၈၀ ခန့်မှ ကော်ဖီစိုက် ဧကပေါင်း ၈၀ဝ၀ ခန့်ရှိပြီးကော်ဖီဆံမှာ နှစ်စဉ်ပျမ်းမျှတန် ၇၀ဝ မှ ၁၀ဝ၀ ကြား ထွက်ရှိကြောင်း သိရသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရွာငံမြို့နယ် ဆင်နက်ချောင် ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စေတနာမျှဝေခြင်း အစီအစဉ်အရ ဝန်ကြီးဌာနမိသားစုများ စုပေါင်းလှူဒါန်းသော စက်ရေတွင်း၊ ရေတင် စက်ရုံ၊ ရေလှောင်ကန်ရေတွန်းစက်နှင့် ရေပိုက်လိုင်းလွှဲပြောင်း ပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း ကကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် အလှူရှင်ဝန်ကြီးဌာန မိသားစုများကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးရွာ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆင်နက်ချောင်ကျေးရွာ၌ လှူဒါန်းသော ၆ လက်မ စက်ရေတွင်းမှာ တွင်းအနက် ပေ ၆၀ဝ ရှိပြီး တစ်နာရီလျှင် ရေဂါလံ ၁၀ဝ၀ ထွက်ရှိကာ ကျေးရွာရှိ အိမ်ထောင်စု ၁၇၀ မှ လူဦးရေ ၇၆၅ ဦးနှင့် ကျွဲနွားကောင်ရေ ၂၀ဝ တို့အတွက် ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေကို ဖူလုံစွာ အသုံးပြုနိုင်မည်ဖြစ်သည်။
(သတင်းစဉ်)


