ကျိုက်ထို ၇ စက်တင်ဘာ
ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးတောင်ပေါ်သို့ သောက်သုံးရေ ဖြန့်ဖြူးပေးလျှက်ရှိသည့် ကျိုက်ထီးရိုးတောင်ခြေ မိုးဘောကျေးရွာတွင် တည်ဆောက်ထားသော ရေလှောင်ကန် (၄)ကန်အနက် ရေလှောင်ကန် အမှတ် (၂)နှင့် (၄)အကြားရှိ မြေထိန်းနံရံမှာ စက်တင်ဘာ ၆ ရက် နံနက် ၇ နာရီခန့်၌ လုံးပတ် (၁၀)ပေခန့်ရှိသော လိပ်သည်းကျောက်တုံးများနှင့် မြေသားများပြိုကျမှု ဖြစ်ပွားခဲ့သည်။
မြေထိန်းနံရံ ပြိုကျမှုကြောင့် ကျိုက်ထီးရိုးတောင်ပေါ်သို့ ရေတင်ရန် သွယ်တန်းထားသည့် အချင်း(၆)လက်မရှိ ပလတ်စတစ် ရေတင်ပိုက်(၃)ချောင်း ပျက်စီးပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ကျိုက်ထီးရိုး စေတီတော် ဂေါပကအဖွဲ့က အမြန်ပြန်လည်ပြင်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။
အဆိုပါ မိုးဘောရေလှာင်ကန်များသည် ကျိုက်ထိုမြို့နှင့် မိုင်(၂၀)ကျော်ကွာဝေးပြီး လူသွားရောက်ရန် မလွယ်ကူသည့် နေရာဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)


