ဟားခါး ၇ စက်တင်ဘာ
၂၀၁၉ခုနှစ် အောင်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီးခင်ကျော်၏ ဉီးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့မိသားစုဝင်များပူးပေါင်း၍ ဟားခါးမြို့ ၊ အိပ်မက်တော်ရသစ္စာအောင်မြေကုန်းတော်ဇေတဝန် တောရစာသင်တိုက် ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို စက်တင်ဘာ ၇ ရက်နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးတွင် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှရဲတပ်ဖွဲ့ဝင်များ၊ ဟားခါးခရိုင်၊ မြို့နယ်ရဲစခန်းများမှတပ်ဖွဲ့ဝင်များ၊ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ လူကုန်ကူးမှုတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်း နှင့် သတင်းရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၈၀ ဉီးတို့က ကျောင်းဝင်းအတွင်း ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းအမှိုက်များစုပေါင်းသန့်ရှင်းခြင်း စသည့်ပြည်သူ့အကျိုးပြု လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။
MDN


