ဒလ ၇ စက်တင်ဘာ
ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးခွဲ(ဒလ)မှ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် သုံးဘီးဆိုင်ကယ်များအား ယာဉ်လိုင်စင်သက်တမ်းတိုးခြင်း၊ ဆိုင်ကယ်မောင်းလိုင်စင်များ အသစ်ပြုပေးခြင်းနှင့် ဆိုင်ကယ်မောင်းလိုင်စင်များ သက်တမ်းတိုးပေးခြင်းလုပ်ငန်းအား ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်ရှိ က ည န ရုံးခွဲတွင် ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ပေးခဲ့သည်။
ရှေးဦးစွာ ယာဉ်လိုင်စင်သက်တမ်းတိုး လာရောက်ဆောင်ရွက်ကြသူများအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ စစ်ဆေးရေးမှူး(၃)ဦး ဝေလင်းထက်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများအား ဟောပြောခဲ့သည်။
မောင်ယဉ်ဦး (ဒလ)


