မိုင်းဖြတ် ၇ စက်တင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်တွင် တရားမဝင်ဆေးဝါး တင်သွင်းရောင်းချခြင်း၊ သက်တမ်းလွန်သည့်ဆေးဝါးများ ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခြင်းနှင့် မှုခင်းကျဆင်းရေးတို့အတွက် အသိပညာပေးခြင်း လုပ်ငန်းများကို စက်တင်ဘာလ ၇ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင် သာယာရေးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာ ကျော်မျိုးဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်၊ မြို့မရဲစခန်းမှ စခန်းမှူး မြတ်မိုးနှင့်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်းနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဆေးဝါးများရောင်းချသည့် ဆေးဆိုင်များ၊ ကွမ်းယာဆိုင်များတွင် တားမြစ်သည့်ဆေးများ၊ ကာမရာဂ စိတ်ကြွဆေးများနှင့် သက်တမ်း လွန်ဆေးဝါးများ ရောင်းချမှု မရှိစေရေးတို့အတွက် စစ်ဆေးခြင်းနှင့် အသိပညာပေး ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်နှင့် တပ်ဖွဲ့ဝင်များက အငှားယာဉ်မောင်းသမားများ၊ ဖြတ်သန်း သွားလာနေသော ယာဉ်မောင်းများနှင့် ပြည်သူများကို မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း များဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


