ထီးချိုင့် ၇ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ( ၁၆ )ကုတင်ဆံ့တိုင်းရင်းဆေးရုံကို ယနေ့နံနက် ( ၁၀:ဝ၀) နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုင်းရင်းဆေးရုံကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်မော်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းညွှန့်၊ စစ်ကိုင်းတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဦးစီးမှူး ဦးပြေထွန်း၊ ကသာခရိုင်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဉက္ကဋ္ဌ ဦးချစ်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်ဖြင့် ပက်ဖျန်းချီးမြှင့်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကအမှာစကားပြောကြားရာ တွင် ယခုဖွင့်လှစ်သော (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ( ၆) ခုမြောက် ဖွင့်လှစ်ပေးခဲ့သော တိုင်းရင်းဆေးရုံဖြစ်ကြောင်းဒေသခံပြည်သူများအတွက် တိုင်းရင်းဆေး ပညာနှင့်ကုသပေးနိုင်တော့မည်ဖြစ်ပြီး ကျန်းမာရေးအတွက် အားကိုးနိုင်တော့မည့်ဆေးရုံဖြစ်လာသည့် အတွက်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။
တိုင်းရင်းဆေးပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးသန်းညွှန့်ကတိုင်းရင်းဆေးရုံ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံဆောက်လုပ်ရန် အတွက်မြေနေရာလှူဒါန်းခဲ့ကြသော အလှူရှင် (၄) ဦးအားလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးသန်းညွှန့်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း ( ပြန်/ဆက်)


