လှိုင်သာယာ  ၇  စက်တင်ဘာ  


ကျောင်းသားလူငယ်များ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာများ ရရှိစေရေးနှင့် အန္တရာယ်များ ကျရောက်လာပါက ကာကွယ်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ပွဲကို လှိုင်သာယာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စုဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲတွင်  မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသူက မီးဘေး၊ ငလျင်ဘေးနှင့် သဘာဝဘေး အန္တရာယ်များဆိုင်ရာ အသိပညာများကို ကျောင်းသား/ကျောင်းသူများအား ဟောပြောသည်။ ထို့နောက် ဘေးအန္တရာယ်များ ကျရောက်လာပါက အန္တရာယ်မှ လွတ်မြောက်ရန် ကာကွယ်ရေး ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခဲ့ကြသည်။


စာသင်ကျောင်းအခြေပြု ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် ဇာတ်တိုက်လေ့ကျင့်ပွဲသို့ မြို့နယ် ဒုတိယပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြွေ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား(၄၅၀) ခန့်  တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN

 

G_20