ဟုမ္မလင်း ၇ စက်တင်ဘာ
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြင့် ဇယားကွက်နှင့် ပုံတူပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ဟုမ္မလင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ လူထုအခြေပြု (Community Center)ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောင်းသား/ကျောင်းသူ G-1(၅၂) ဦး၊ G-2 (၄၂)ဦး စုစုပေါင်း(၉၂)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆုပေးပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြီး ပထမဆု၊ ဒုတိယဆု ၊တတိယဆု နှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)


