မုံရွာ ၇ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်(၇) ခုတို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီ သြဂုတ်လကုန်အထိ မိုးစပါး(၂၃၇၄၀)ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် လေရှီးမြို့ နယ်အတွင်း (၄၀၅၈)ဧက၊ မိုပိုင်းလွတ်မြို့နယ် အတွင်း (၃၁၉)ဧက၊ လဟယ်မြို့နယ် အတွင်း (၅၇၂၉)ဧက၊ ထန်ပါခွေ မြို့နယ် အတွင်း (၁၅၀၁)ဧက၊ နန်းယွန်းမြို့နယ်အတွင်း (၂၄၇၆)ဧက၊ ဒုံဟီးမြို့နယ် အတွင်း (၄၆၅၀)ဧကနှင့် ပန်ဆောင်မြို့နယ်အတွင်း (၅၀ဝ၇)ဧကကို စိုက်ပျိုးပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရှိမြို့နယ်(၇) ခုတွင် သြဂုတ်လအကုန်အထိ (၂၃၇၄၀)ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ယခု ဘဏ္ဍာနှစ်၌ မိုးစပါး(၂၄၇၉၀)ဧကစိုက်ပျိုးသွားရန် လျာထားခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


