လောင်းလုံး ၇ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောင်းကင်းကျေးရွာ၊ ကမြောင်းကင်းတံတား အောက်ကမ်းစပ်၌ ခရိုင်မီးသတ် လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ဝင်းကြီးမှူး၍ လောင်းလုံးမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကံထူး (မြို့နယ်အုပ်ချုပ်ရေးမှူး) တို့ပူးပေါင်းပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေး အစမ်းလေ့ကျင့်ခန်းကို ယနေ့ နံနက် (၉) နာရီက ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။
ထိုသို့ ရေပြင်ရှာဖွေကယ်ဆယ်ရေး အစမ်းလေ့ကျင့် ဇာတ်တိုက်ခန်းများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကိုက သဘာဝဘေး/ ရေဘေးတစ်စုံတစ်ရာ ကျရောက်လာပါက ကာကွယ်နိုင်ရန်၊ အသက်ကယ်ရေးပစ္စည်းများ အမြဲတမ်းအသင့်ဖြစ်ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်လေ့ကျင့်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ရေပြင်ရှာဖွေကယ်ဆယ်ရေး အစမ်းလေ့ကျင့်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူး၊ ခရိုင်မီးသတ်၊ မြို့နယ်မီးသတ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်းသိရသည်။
လောင်းလုံး(ပြန်/ဆက်)


