နေပြည်တော် ၇ စက်တင်ဘာ 
    

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး Ms. Andrea Faulkner နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌တွေ့ဆုံသည်။
    

တွေ့ဆုံစဉ် တိရစ္ဆာန်အာဟာရ၊ ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းမှတစ်ဆင့် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးဆိုင်ရာ စီမံကိန်းရေး ဆွဲဆောင်ရွက်နေမှုဆိုင်ရာများ၊ စိုက်ပျိုးရေးထွက်ကုန်များအား အပြည်ပြည်ဆိုင်ရာဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော စံနှုန်းများနှင့်အညီ စစ်ဆေးနိုင်သည့် ပစ္စည်းကိရိယာနှင့် နည်းပညာအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။


သတင်းစဉ်