နမ့်ခမ်း ၈ စက်တင်ဘာ
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စားသုံးသူကာကွယ်ရေးအသင်းတို့က ပူးပေါင်း၍ နမ့်ခမ်းမြို့နယ် ဖာလင်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။
ဟောပြောပွဲတွင် နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီမောင်ဘဦးက "ကလေးအလုပ်သမားပပျောက်ရေး" ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများ စာကြိုးစားချင်စိတ် ပြင်းပြလာစေရန်၊ အသိပညာဗဟုသုတကို စာဖတ်ခြင်းမှ ရရှိနိုင်ကြောင်းနှင့် ကလေးအလုပ်သမားဘဝ ကြမ်းတမ်းပုံ စသည်တို့ စပ်ဆက်၍ ဆွေးနွေဟောပြောခဲ့သည်။ ထိုနောက် နမ့်ခမ်းမြို့နယ် စားသုံးသူကာကွယ်ရေးအသင်းမှ အဖွဲ့ဝင် ဦးဆမ်မွန်းက စားသုံးရန်မသင့်သော အသင့်ထုပ်ပိုးပြီး အစားအစာများ၊ မသုံးသင့်သော အသုံးပြုပစ္စည်းများဖြစ်သည့် ဖော့ဘူး၊ ပလတ်စတစ်၊ ဖိုက်ပါပစ္စည်းများအကြောင်းနှင့် စားသုံးသင့်သော အစားအစာများဖြစ်သည့် သဘာဝမြေဩဇာဖြင့် စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များ အကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့သည်။ ထို့ပြင် နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား ကျောင်းသူများ ပိုမို၍လေ့လာ သိရှိမှတ်သားနိုင်စေရန် "ကလေးအလုပ်သမားပပျောက်ရေး" နံရံကပ်စာစောင်များကိုလည်း စီစဉ်ပြသပေးခဲ့သည်။
ဟောပြောပွဲတွင် ဖာလင်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသားကျောင်သူများနှင့် ဆရာ ဆရာမများ (၁၃၀)ခန့်တို့အား စိတ်ဓာတ်ခွန်အား၊ လူတစ်ဦးချင်း သိရှိလိုက်နာ ကျင့်သုံးရန် အသိပညာများတို့ကို ဟောပြောပေးဝေနိုင်ခဲ့ခဲ့ကြောင်း သတင်းရရှိသည်။
ဆိုင်ထွန်း (နမ့်ခမ်း)


