ဂန့်ဂေါ ၈ စက်တင်ဘာ
(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မင်းလွင် ဦးဆောင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်အင်အား ၇၀ သည် စက်တင်ဘာ ၇ ရက် နံနက်က ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော် အတွင်းအပြင် ပတ်ဝန်းကျင်နေရာများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းမင်း ဦးဆောင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်အင်အား ၅၅ ဦးတို့သည် စက်တင်ဘာ ၇ ရက်တွင် ရွှေပြည်သာ မြတ်စွာဘုရား ပုရိဝဏ်၌လည်းကောင်း၊ ဆောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ငြိမ်း ဦးဆောင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်အင်အား ၃၆ ဦးတို့သည် စက်တင်ဘာ ၆ ရက်တွင် ဆော အ.ထ.က ကျောင်းဝင်း၌လည်းကောင်း သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


