ပန်းတောင်း ၈ စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပန်းတောင်းမြို့နယ် (အ.ထ.က မဉ္ဇူသက) ခန်းမဆောင်၌ ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားပြုလုပ်ခဲ့ရာ အ.ထ.က ပန်းတောင်းကျောင်းသား/ ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms Audrey Azoulay. ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ အ.ထ.က ပန်းတောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်အောင်၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်သင်းသင်းအေးတို့မှ အခြေခံပညာ ထက်/လယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

 

အခမ်းအနားသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း  အင်အား (၁၀ဝ)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သင်းသင်းအေး (ပြန်/ဆက်)