ကျောက်ထု ၈ စက်တင်ဘာ 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့တွင် ကွမ်းယာအတွက်လိုအပ်သည့် ကွမ်းရွက်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

“ယခင်က ကွမ်းရွက်ကို ပခုက္ကူမြို့က မှာယူရပါတယ်၊ အခုဒေသမှာ ဝယ်လို့ရတော့ အဆင်ပြေပါတယ်၊ လတ်လတ်ဆတ်ဆတ်ရတာပေါ့” ဟု ကွမ်းယာရောင်းသူတစ်ဦးက ပြောသည်။ 

ကွမ်းသီးကိုမူ ပခုက္ကူ-ပေါက်မြို့များမှ ဝယ်ယူကြရသော်လည်း ကွမ်းရွက်ကို ဒေသတွင် တစ်ပိဿာလျှင် ငွေကျပ် ၄၀ဝ၀ ဖြင့် ရောင်းဝယ်မှုရှိကာ စီးပွားဖြစ်စိုက်ပျိုးခြင်း မဟုတ်သော်လည်း ခြံအတွင်းနှင့် မြေလွတ်များတွင် စိုက်ပျိုးလာမှုများ ရှိလာကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)