မန္တလေး  ၈  စက်တင်ဘာ

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ တဝမေတ္တာ အောက်ဆီဂျင်နှင့် ပရဟိတအသင်းတွင် အောက်စီဂျင်ဘူးများ အခမဲ့ငှားရမ်းနိုင်ကြောင်း သိရသည်။

 

တဝမေတ္တာ အောက်ဆီဂျင်နှင့် ပရဟိတအသင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး အောက်ဆီဂျငူ်ဘူး ကုသိုလ်ပြုခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ နေရပ်ပြန်ရန် ကားအခက်အခဲရှိသည့် လူနာများကို လိုက်လံပို့ဆောင်ပေးခြင်းများကို ပြုလုပ်လျက်ရှိသည်။ 

 

လက်ရှိကာလတွင် တဝမေတ္တာ အောက်ဆီဂျင်နှင့် ပရဟိတအသင်းတွင် အောက်ဆီဂျင်ဘူးများကို အခမဲ့ ငှားရမ်းခြင်းနှင့် လူမှုကူညီရေးအတွက် အကူအညီတောင်းခံလိုပါက ဖုန်း ဝ၉၄၃၀၄၄၈၀၁၊ ဝ၉-၄၀၂၇၇၈၇၆၇၊ ဝ၉-၇၉၅၁၁၉၁၁၉ သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

 

တိမ်တမန်(မြစ်ငယ်)