ဆော ၈ စက်တင်ဘာ
ဂန့်ဂေါခရိုင် ဆောမြို့ အ.ထ.ကကျောင်းနှင့် အမှတ်(၂) မူလွန်ကျောင်းတို့တွင် ခြေလျင်ခရီးဖြင့် ခရီးဝေးကွာစွာ ကျောင်းတက်သွားလာရသည့် ကျေးရွာများမှ ကျောင်းသား ကျောင်းသူများအတွက် Lesswalk.org မှ လှူဒါန်းသော စက်ဘီး ၅၃ စီးကို ဆောမြို့ အခြေခံပညာ အထက်တန်းကျောင်း (သီဟသူရညိုအေး)ခန်းမ၌ စက်တင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အညာကတင်း၊ မင်းလယ်၊ ခွင်းချောင်း၊ လယ်ရင်း၊ ဖြူတွင်းကျင်း၊ အင်းချောင်း၊ ရင်းခေါ်ကျေးရွာတို့မှ အ.ထ.ကနှင့် အမှတ်(၂) မူလွန်ကျောင်းတို့တွင် ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူ ၅၃ ဦးကို စက်ဘီးများ ပေးအပ်လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ အလှူရှင် Lesswalk.org ကိုယ်စား ယောလူငယ်အဖွဲ့ဗဟိုဉက္ကဋ္ဌ ဦးမြင့်ထွန်း၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
MDN


