သီပေါ ၈ စက်တင်ဘာ
ပို့ဆာင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ တာဝန်ယူဖောက်လုပ်မည့် မူဆယ်−မန္တလေး ရထားလမ်းပိုင်း ဖြစ်နိုင်စွမ်း လေ့လာခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ဒုတိယအထွေထွေမန်နေဂျာ ဦးဌေးလှိုင်က နှုတ်ခွန်းဆက်စကားနှင့် လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပြီးနောက် ဒေါက်တာကျော်စွာတင့် (အကြံပေး) Ever Green Tech Environmental Services and Training Co.Ltd မှ ပညာရှင်က အဆိုပြုစီမံကိန်း လည်ပတ်ခြင်း လုပ်ငန်းစဉ်များကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ကာကွယ်လုပ်ဆောင်သွားရမည့် နည်းလမ်းများအကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်နီလာစိုး(ပြန်/ဆက်)


