ဇမ္ဗူသီရိ ၈ စက်တင်ဘာ
အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဉက္ကဋ္ဌ ဦးကျော်ငြိမ်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူးတို့က လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် ပတ်သက်၍ လုပ်ငန်းစီမံချက်များ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ပြေလည်စိုးထွေးက ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေး၊ အခြေခံ မဲဆန္ဒရှင်စာရင်းများကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်းများကို သင်ကြားပို့ချခဲ့သည်။
အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်း (၇၆)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ သိရသည်။
MDN


